အိမ်က လာတယ်

အိမ်က လာတယ်

အပြင်ဘက်မှာ ဘာတွေ ဖြစ်ပျက်လို့နေပြီလဲဆိုတာကို သိချင်ပေမဲ့ အဲဒါတွေမေးနေဖို့ အခြေအနေမပေးပါဘူး။ အချိန်က ၁၅ မိနစ်လောက်ပဲ ရတာပါ။ သူ ပြန်လွတ်ဖို့အရေး အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်လို့ အမေက ပြောပါတယ်။ ဒီဟာက အထဲကလူကို စိတ်ဓာတ်ကျမသွားစေဖို့ ဆွဲတင်ထားတဲ့ စကားဖြစ်တယ်ဆိုတာကို သူသိပါတယ်။ အထဲမှာရောက်နေတဲ့လူတွေအားလုံးရဲ့ အဓိကဆန္ဒဟာ အပြင်ကို ပြန်ရောက်ဖို့ပါပဲ။ သိပ်ကြာမှာမဟုတ်ပါဘူး အမေလို့ သူကလည်း ပြန်အော်ပြောလိုက်ပါတယ်။

တကယ်တော့လည်း သူ့ကိုယ်သူတောင် မသိပါဘူး။ အမေ့ကို စိတ်သက်သာရာရစေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ အဲဒီလိုပြောလိုက်တာပါ။

The Tanintharyi Times