မော်လမြိုင် အထက ၉ အထက်တန်းကျောင်း မီးလောင်မှု ထပ်မံ ဖြစ်ပွား
မော်လမြိုင် အထက ၉ အထက်တန်းကျောင်း မီးလောင်မှု ထပ်မံ ဖြစ်ပွား
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့က အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ (အောက်တိုဘာလ ၂၅ရက်)မနက် အစောပိုင်း ၃နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့လို့ ဓမ္မာရုံအဆောင်တခုနဲ့ ၂ထပ်ကျောင်းဆောင်တခု ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုဟာ ရှေးဟောင်း ဦးသာညှင်းဓမ္မာရုံ အဆောင်နဲ့ နှစ်ထပ်ဆောင်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၄နာရီ ၄၇မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျောင်းမီးလောင်ကျွမ်းမှုကို မွန်ပြည်နယ်မီးသတ်ဦးစီးဌာနအောက်က ပြည်နယ်၊ခရိုင်နဲ့မြို့နယ်အဆင့် မီးသတ်ယာဉ်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ငြိမ်းသက်ပေးခဲ့ကြပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
အဆိုပါကျောင်းဟာ ယခင် ၂လအကြာ ဩဂုတ်လ ၄ရက်နေ့ကလည်း မီးလောင်မှုဖြစ်ခဲ့ပြီး ပင်မကျောင်းဆောင် ပျက်စီးခဲ့ပါသေးတယ်။
အခုမီးလောင်ခဲ့တဲ့ အထက ၉ ကျောင်းဟာ မော်လမြိုင်မြို့ ၊ ပန်းဘဲတန်းရပ်ကွက် က နှစ်၁၀၀ကျော်သက်တမ်းရှိတဲ့ အထက်တန်းကျောင်းတခုဖြစ်ပြီး ကိုလိုနီခေတ်က ရှင်မဟာ ဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း လို့ အမည်တွင်တဲ့ ကျောင်းဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times