စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို ထုတ်ပယ်
စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို ထုတ်ပယ်

စစ်ဆေးမှု ခံယူနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုစစ်ကောင်စီအဖွဲ့ဝင်ထဲကနေ ထုတ်ပယ်လိုက်တယ်လို့ ဒီကနေ့ညမှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးရာထူးကိုပါ ရုပ်သိမ်းလိုက်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အဆိုပါ တာဝန်တွေ ရုပ်သိမ်းပြီးနောက် စစ်ဘက်ရာထူးတာဝန်တွေထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ထုတ်ပယ်လိုက်သူတွေရဲ့နေရာမှာ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ကို ပြောင်းလဲလိုက်ပါတယ်။
ဒါ့အပြင် စီးပွါးရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးအောင်နိုင်ဦးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ပြောင်းလဲလိုက်သလို
ဒုဝန်ကြီးဦးညွန့် အောင်ကိုလည်းအနားပေးလိုက်ပါတယ်။
The Tanintharyi Times