ကလုံးထာရွာကို စစ်ကောင်စီတပ်သားတွေဝင်ရောက်ပြီး ရွာသားတချို့ကိုဖမ်းဆီးထား
ကလုံးထာရွာကို စစ်ကောင်စီတပ်သားတွေဝင်ရောက်ပြီး ရွာသားတချို့ကိုဖမ်းဆီးထား
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ကလုံးထာရွာကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်နေပြီး ရွာသားတချို့ကိုဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မနေ့ကတည်းက ကလုံးထာရွာကို ဝင်ရောက်လာပြီး နေ့တွင်းချင်းပြန်ထွက်သွားခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာ အင်အား တစ်ရာကျော်နဲ့ပြန်ဝင်လာခဲ့တယ်လို့ဆိုပါတယ်။
” ရွာသားတချို့က ဘုန်းကြီးကျောင်းမှာ စုနေနေတာ။ သူတို့ကဘုန်းကြီးကျောင်းကိုရောက်လာပြီး ရွာသားသုံးယောက်ကိုခေါ်သွားတယ်လို့ကြားရတယ်” လို့ ကလုံးထာဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိကလုံးထာရွာမှာပဲရှိနေပြီး ရွာသားတွေကတော့တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေဟာ ကလုံးထာရွာသားတချို့ကိုဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကလည်း ကလုံးထာရွာထဲကိုရောက်ရှိလာပြီး ဒေသခံလူငယ်တစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
The Tanintharyi Times
