ကိုးကန့်ခေါင်းဆောင်ခေါင်းဆောင် ဖုန်တာရွှင် ယူနန်မှာ ဆေးကုနေတာသာဖြစ်တယ်လို့ တရုတ်ပြော
ကိုးကန့်ခေါင်းဆောင်ခေါင်းဆောင် ဖုန်တာရွှင် ယူနန်မှာ ဆေးကုနေတာသာဖြစ်တယ်လို့ တရုတ်ပြော

ကိုးကန့်တပ် MNDAA ခေါင်းဆောင်ဖုန်တာရွှင်ဟာ ယူနန်ပြည်နယ်မှာ ဆေးကုသမှုခံယူနေတာ သာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က အင်္ဂါနေ့ မှာပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဟောင်ကောင်အခြေစိုက်သတင်းဌာန South China Morning Post ကဖော်ပြထားပါတယ်။
ကိုးကန့် ခေါင်းဆောင်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတာလည်းမရှိဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
MNDAA ခေါင်းဆောင်ဖုန်တာရွှင်က တရုတ်နိုင်ငံဆေးကုသမှုခံယူဖို့ ခွင့်တောင်းလာတာကြောင့် ခွင့်ပြုပေးခဲ့တာသာဖြစ်ပြီး ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေကိုတော့ Lin Jianငြင်းဆန်ပါတယ်။
“MNDAA ခေါင်းဆောင်ဖုန်တာရွှင်က အရင်ကတည်းက တရုတ်နိုင်ငံဘက်မှာ ဆေးခံယူချင်တယ် လို့ခွင့်တောင်း ထားပါတယ်။ အခုဆေးကုသနေပါတယ်။တော်တော်တောင်ပြန်သက်သာလာပြီလို့သိရတယ်” လို့ Lin Jian ကသတင်းမီဒီယာတွေ ကိုဖြေကြားခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ တွေ့ဆုံဖို့ တရုတ်အစိုးရက MNDAA ခေါင်းဆောင်ဖုန်တာရွှင်ကိုဖိတ်ကြားခဲ့ပြီး ပြန်မလွှတ်တော့ဘဲ အကျယ်ချုပ်ထိန်းသိမ်းထားတယ်လို့ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။
ကိုးကား – South China Morning Post
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times