ပုလောမှာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်​သေဆုံးခဲ့တယ်လို့ ပုလော PDF ထုတ်ပြန်

ပုလောမှာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်​သေဆုံးခဲ့တယ်လို့ ပုလော PDF ထုတ်ပြန်

D-Day ကြေညာတဲ့ရက် တစ်နှစ်ပြည့်ကာလအတွင်းစစ်ရေးအရတိုက်ခိုက်မှုအခြေအနေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) က မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပုလောမြို့နယ် တစ်နှစ်တာအတွင်း စစ်ကောင်စီနဲ့တိုက်ပွဲပေါင်း ၄၁ ကြိမ်နဲ့စစ်ကောင်စီထောက်တိုင်တွေကို ဖြိုဖျက်တာ ၄ ကြိမ် စုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က စုစုပေါင်း ၂၀၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၅၇ ဦးထက်မနည်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒီတိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ ၊မဟာမိတ်ပူးပေါင်းအဖွဲ့တွေ၊ သက်ဆိုင်ရာ EAO ၊ ပကဖ နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းတပ်ဘက်ကတော့ တစ်နှစ်တာအတွင်း ၈ ဦးကျဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

နောက်ထပ်လည်း မြိတ်ခရိုင် တပ်ရင်း ၁ အနေနဲ့မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး အရင်ထက်စစ်ရေးအရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times