ပုလောမြို့၊ ရှပ်ပုံရွာက နေအိမ် ၃ ဆောင်မီးလောင်ပျက်စီး၊ ရွာသားအချို့ကို စစ်ကောင်စီတပ် ဖမ်းဆီးထား

ပုလောမြို့၊ ရှပ်ပုံရွာက နေအိမ် ၃ ဆောင်မီးလောင်ပျက်စီး၊ ရွာသားအချို့ကို စစ်ကောင်စီတပ် ဖမ်းဆီးထား

စစ်ကောင်စီတပ်သားတွေ မနက်က ရှို့ခဲ့တဲ့ မီးကြောင့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာက နေအိမ် ၃ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့တနေကုန် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီဘက်ကတော့ သေနတ်ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းလောက်မှာ ရွာသား ၁၅ ဦးဝန်းကျင်ကို အကြောင်းမဲ့ဖမ်းဆီးထားလိုက်ပြီး လက်ရှိအချိန်ထိမလွှတ်ပေးသေးဘူးလို့ ​ဒေသခံကပြောပါတယ်။ အဲဒီအပေါ်မှာ သီးခြားအတည်ပြုချက်တော့ မရယူနိုင်သေးပါဘူး။

“ရွာသားတချို့ကတော့ ရွာထဲမှာ ပိတ်မိနေကြတုန်းပဲ။ ဒီနေ့ကတော့ အစကနီးနီးနားနားရှောင်နေတဲ့ ရွာသားတွေလည်း ပြေးကုန်ပီ” လို့ဒေသခံတစ်ဦးက ထပ်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကနေအိမ်အများအပြားကိုလည်း ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေခိုးယူခဲ့ကြတယ်လို့ ​ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်သားတွေ ရှပ်ပုံရွာထဲမှာရှိနေကြပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွါးတာမရှိသေးပေမဲ့ စစ်ရေးတင်းမာနေတယ်လို့လည်း သိရပါတယ်။

The Tanintharyi Times