ထားဝယ်ထောင်က ပြန်လွတ်လာသူ ဆယ့်တစ်ဦးထဲ နိုင်ငံရေးအကျဉ်းသူတစ်ဦးသာပါ

ထားဝယ်ထောင်က ပြန်လွတ်လာသူ ဆယ့်တစ်ဦးထဲ နိုင်ငံရေးအကျဉ်းသူတစ်ဦးသာပါ

ပုံစာ - ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်။(ဓာတ်ပုံ -DPPN)

ထားဝယ်အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ ပြန်လည် လွတ်မြောက်လာသူ ၁၁ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသူတစ်ဦးသာ ပါလာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်လွတ်လာသူတွေက နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်နဲ့ ရာဇဝတ်မှုနဲ့အကျဉ်းချခံထားရတဲ့ အကျဉ်းသား ၁၀ ဦးတို့ဖြစ်ပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်မှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့မှာ အကျဉ်းသား သသုံးဆထာင်ကျော်လွှတ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့အတွက် အကျဉ်းသားမိသားစုဝင်တချို့ ထောင်ရှေ့မှာသွားစောင့်နေခဲ့ကြတယ်လို့ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

နိုင်ငံတစ်ဝန်းမှာ လွတ်ပးခဲ့တဲ့ အကျဉ်းသူ၊ အကျဉ်းသား အရေအတွက်က ၃၃၃၉ ဦးဖြစ်ပါတယ်။

အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို နောက်တစ်ကြိမ်ပြစ်မှုထပ်ကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒစ်လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

အခုနှစ် လွတ်လပ်ရေးနေ့၊ ဇန်နဝါရီ ၄ ရက်ကလည်း အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော်ကို စစ်ကောင်စီက လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့ပါတယ်။

The Tanintharyi Times