ပုလောမှာစစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ်သူ ပစ်သတ်ခံရ

ပုလောမှာစစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ်သူ ပစ်သတ်ခံရ

ဓာတ်ပုံ - PRDF

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာက စစ်မှုထမ်းဟောင်းလည်းဖြစ် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူတစ်ဦးကို ပုလောဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းလိုက်တယ်လို့သတင်းထုတ်ပြန်ပါတယ်။

ပစ်သတ်ခံရသူဟာ ဦးမောင်ယုဖြစ်ပြီး သင်္ကန်းမော်ရွာနဲ့ ရွှေလုံးအော်ရွာကြားမှာ မနေ့က ညနေ ၄နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) က ထုတ်ပြန်ထားပါတယ်။

ရှင်းလင်းချိန်မှာ သူ့ဆီကနေ လက်ပစ်ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံး၊ Wave i (125) ဆိုင်ကယ်အဖြူတစီး၊ ငွေသား ၉ သိန်းကျပ်၊ မှတ်ပုံတင် ၈ ခု၊ WY စိတ်ကြွဆေး ၈ လုံး နဲ့ ခဲပြားတစ်ပြား၊ ကွန်ဒုံး ၂ ခု၊ လက်စွပ် ၃ က္ငင်းနဲ့အတူ ဆေးထိုးအပ်၊ ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုပစ်သတ်ခံရသူဟာ အုပ်ချုပ်ရေးမှူးဖြစ်တဲ့အပြင် ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူဖူးသူဖြစ်ပြီး ဘိသိက်ဆရာ၊ အပ်ပုန်းဆရာ အနေနဲ့လည်း အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိတော်လှန်ရေးကာလမှာတော့ စစ်ကောင်စီ လမ်းကြောင်းတွေကို လမ်းပြ လုပ်ပေးတာ၊ CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ရပ်ရွာ ပြည်သူတွေကို ခြိမ်းခြောက်တာ နဲ့ လက်နက်ကိုင်ဆောင်တာတို့ကိုပြုလုပ်ကျူးလွန်ခဲ့တာကြောင့် ပြည်သူ့ သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းလိုက်တာလို့ထုတ်ပြန်ကြေညာထားပါတယ်။

The Tanintharyi Times