ထိုင်းလွှတ်တော်ဖျက်သိမ်း ကြောင်းကြေညာ
ထိုင်းလွှတ်တော်ဖျက်သိမ်း ကြောင်းကြေညာ
ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး လာမယ့် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ကြေညာလိုက်ပါတယ်။
ထိုင်းဝန်ကြီး ချုပ်အနုတင်ဟာ လွှတ်တော်ဖျက်သိမ်းပေးဖို့ မနေ့ ကညပိုင်းမှာ ထိုင်းဘုရင် ထံ တင်ပြခဲ့တာဖြစ်ပါတယ်။
ထိုင်းဘုရင်က တော်ဝင်ပြန်တမ်းမှာ လက်မှတ်ရေးထိုးလိုက်တာကြောင့် ဒီနေ့မနက်မှာ ပဲ လွှတ်တော် ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
ထိုင်းလွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နဲ့ပတ်သက်ပြီး အထက်လွှတ်တော် နဲ့ အောက်လွှတ်တော်တို့ အကြား အငြင်းပွားမှုတွေ ရှိခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က လွှတ်တော် ဖျက်သိမ်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စ နဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပြီးနောက် အနုတင်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့တဲ့ Peoples Party က ပုဒ်မ ၁၅၁ အရ ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ စီစဉ်ခဲ့တယ်လို့ လည်းသတင်းထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ဝန်ကြီး အနုတင် ကလက်ဦးမှုရယူပြီး လွှတ်တော်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
လွှတ်တော်ဖျက်သိမ်းခဲ့တာကြောင့် ရက်ပေါင်း ၄၅ ရက်မှ ၆၀ ရက်အတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပရမယ်လို့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ဖယ်ထုံတန် ရှင်နာဝပ်ကို လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်ပြီးနောက် လစ်လပ်သွားတဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ဖွန်မ်ကြိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင် ချန်ဗီရာကူလ် ကို ထိုင်းလွှတ်တော်မှာမဲအများဆုံးရထားတဲ့ Peoples Party ထောက်ခံမဲပေးခဲ့တာဖြစ်ပါတယ်။
ဖက်ဖွန်ကြိုင်ထိုင်း ပါတီ နဲ့ ထိုင်းပြည်သူ့ ပါတီတို့ဟာ အနုတင်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ဖို့ အချက်သုံးချက် ကတိတောင်းခံကာ ကြိုတင် သဘောတူထားတာဖြစ်ပါတယ်။
နှစ်ပါတီအကြားသဘောတူထားတဲ့ အချက်တွေကတော့ လေးလအတွင်း လွှတ်တော်ကိုပြန်လည်ဖျက်သိမ်း ပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ခေါင်း ပရာယွတ် ချန်အိုချာ လက်ထက်က ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ၁၉၉၇ အခြေခံဥပဒေကို မှီငြမ်းပြီး အခြေခြံဥပဒေအသစ်ပြန်လည်ရေးဆွဲ ရမယ်လို့ သဘောတူထားတာပါ။
အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စမှာ အငြင်းပွားမှုတွေ ရှိတာပြီးနောက်ပိုင်း ကနဦးစီစဉ်ထားတဲ့ သဘောတူ ချက်အတိုင်း မဟုတ်ပဲ လွှတ်တော်ကို စောပြီးဖျက်သိမ်းဖို့ ဝန်ကြီးချုပ် အနုတင်က စီစဉ်လာတာပါ။
The Tanintharyi Times
