စစ်ရှောင်ထွက်ပြေးနေလို့ လူမရှိတဲ့ ဘန်ကျုတ်ရွာက နေအိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စစ်ရှောင်ထွက်ပြေးနေလို့ လူမရှိတဲ့ ဘန်ကျုတ်ရွာက နေအိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ဘန်ကျုတ်ရွာက နေအိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၁၀ ရက်နေ့ ညနေပိုင်းလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ရှင်တွေအနေနဲ့ စစ်ရှောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးတော့မရှိဘူးလို့ ဆိုပါတယ်။
“တခြားအိမ်မီးကူးလောင်တာတော့မရှိဘူး။ ရာဘာတောထဲမှာဖြစ်သွားတာ။ အဲနားမှာ အိမ်တွေက တစ်အိမ်နဲ့တစ်အိမ်အဝေးကြီး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ကတော့ တစ်ထပ်သစ်အိမ်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကလည်း တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာနဲ့ ထုံမခါရွာတွေက နေအိမ် ၈ ဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times
