အရပ်သားတွေအပေါ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ က လက်တွေကျတဲ့ အရေးယူမှုလုပ်ဆောင်ဖို့ KNU တောင်းဆို

အရပ်သားတွေအပေါ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ က လက်တွေကျတဲ့ အရေးယူမှုလုပ်ဆောင်ဖို့ KNU တောင်းဆို

အရပ်သားပြည်သူတွေကို အကြောင်းမဲ့ လေကြောင်းကနေတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ကမ္ဘာ့ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက တိုးချဲ့ ပိတ်ဆို့အရေးယူဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီကို‌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ နဲ့ နိုင်ငံတကာ တရားရေး ယန္တယား တွေက ပိုမိုထိရောက် လက်တွေ့ကြတဲ့ နည်းလမ်းတွေအသုံးချပြီး တိုးချဲ့ပိတ်ဆို့ အရေး ယူပေးဖို့တောင်းဆိုတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံနှင့် (ASEAN) နဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လည်းစစ်ကောင်စီကို ထပ်တိုး အရေးယူပေးဖို့ ထိရောက်လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ပိတ်ဆို့အရေးယူဖို့ လိုကြောင်း KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် KNU တပ်မဟာ (၅)နယ်မြေအတွင်း နှစ် ရက်အတွင်းလေကြောင်းတိုက်ခိုက်မှု (၈) ကြိမ် ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၅ နယ်မြေက ကျောင်းဆရာ ၁ ဦး၊ ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၃ ဦး သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။

ဒါ့အပြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်အတွင်း အရပ်သား (၇) ဦးခန့်ထိခိုက်ဒဏ်ရာခဲ့ရကာ ပြည်သူလူထုပိုင် နေအိမ် (၁၀) လုံး၊ ဘုရားရှိခိုးကျောင်း (၁) ကျောင်း၊ ဝတ်ပြုဆုတောင်းရာကျောင်းဆောင် (၁) ဆောင်တို့ ထိုခိုက်ပျက်စီးခဲ့တဲ့အပြင် ကျေရွာ ပေါင်း (၆) ရွာမှ အပြစ်မဲ့အရပ်သားပြည်သူတွေ အသက်ဘေးလွတ်ရာသို့းထွက်ပြေးတိမ်းရှောင် နေရပြီး စာသင်ကျောင်း (၁၁) ကျောင်းလည်း ပိတ်ထားရကြောင်း KNU ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ စောဖါးဒါး၊ အသက် ၁၄ နှစ်အရွယ် ကျောင်းသား စောအယ်မူလား၊ အသက် ၁၆ နှစ်အရွယ်ကျောင်းသူ နော်ထီးခူဖေါနဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်း သား စောဘိုကြီးတို့ သေဆုံးခဲ့ရတယ်လို့သိရှိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်းက ပြည်သူတွေ ကို စစ်ကောင်စီရဲ့ ဥပဒေမဲ့ တိုက်ခိုက်နေမှုတွေကို K‌NU အနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့ လည်း ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိတယ်။

စစ်တပ်အာဏာသိမ်းယူထားတဲ့ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့်လူပေါင်း (၃၆၈) ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူထားတဲ့ သတင်း အချက် အလက်တွေအရ ၂၀၂၁ ခုနှစ်မှာ (၂၁) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၇၈) ဦးနှင့် ၂၀၂၃ ခုနှစ်မှာ (၂၆၉) ဦး စုစုပေါင်း (၃၆၈) ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အရပ်သားတွေကို နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှု တွေပြုလုပ်နေတဲ့ မြန်မာစစ်တပ် ကို ရုရှား နိုင်ငံက လက်နက်နဲ့ တိုက်လေယာဉ်တွေ ပေါ်ပေါ်ထင်ထင်ကူညီထောက်ပံ့နေတာဖြစ်ပြီး ရုရှားစစ်တပ်ထုတ် Su-30 တိုက်လေယာဉ်နှစ်စီး ကို ပထမအသုတ်အနေနဲ့ ယခုလအတွင်း မှာ ပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။

The Tanintharyi Times