မိန်းမဆိုတာ မီးဖိုချောင် မဟုတ်ဘူး

မိန်းမဆိုတာ မီးဖိုချောင် မဟုတ်ဘူး

ယောကျာ်းတွေဟာ အလကားနေရင်း အလိုလိုဘုန်းရှိတယ် ဆိုတာမျိုး။ စေတီပုထိုးတို့ရဲ့ အထက်ပစ္စယံတို့လို မြင့်မြတ်တယ်လို့ဆိုတဲ့နေရာတွေပေါ် မသန့်ရှင်းတဲ့ မိန်းမတို့ တက်ခွင့်မရှိဆိုတာမျိုး။ မိန်းမထမီတန်းအောက် ခေါင်းလျှိုမိရင် ဘုန်းနိမ့်ပြီဆိုတာမျိုး။ ကျား၊ မ ခွဲခြားခြင်းအမှုကို လူ့အဖွဲ့အစည်းရဲ့သွေးထဲသားထဲအထိ ရောက်အောင် ကျားရောမပါ အားတက်သရော လုံ့လစိုက်ခဲ့ကြတယ်။

မြန်မာ့လူ့အဖွဲ့အစည်းဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လာရင် အင်မတန်အကဲဆတ်ပြီး ဆတ်ဆတ်ထိမခံ တုံ့ပြန် ပြင်းထန်လေ့ရှိပါတယ်။အဲဒီဘာသာရေးထဲမှာပဲ ကျား၊ မခွဲခြားမှုကြီးကလည်း ဘာသာရေးပြဌာန်းချက် လိုလိုနဲ့ အကဲပိုခဲ့လေတော့ ဒီနေ့ထိတိုင် ဆွဲနှုတ်လို့မရအောင် နစ်ဝင်နေဆဲ ဖြစ်တယ်။

The Tanintharyi Times