ဘယ်လ်ဂျီယံ ဓာတ်ပုံ သတင်းထောက် အိန္ဒိယ – မြန်မာနယ်စပ်မှာ အဖမ်းခံရ

ဘယ်လ်ဂျီယံ ဓာတ်ပုံ သတင်းထောက် အိန္ဒိယ – မြန်မာနယ်စပ်မှာ အဖမ်းခံရ

ဘယ်လ်ဂျီယံ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ဆိုင်မွန် ကယ်လ်မန့် ကို အိန္ဒိယ ရဲတပ်ဖွဲ့က အန္ဒိယ – မြန်မာနယ်စပ်မှာ ဖမ်းဆီးထားတယ်လို့ ဘယ်လ်ဂျီယံ Belga က ဖော်ပြပါတယ်။

အလွတ်တန်း ဓာတ်ပုံသတင်းထောက် ဆိုင်မွန် ကယ်လ်မန့် ဟာ မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ Belga ရဲ့ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တွေ ပြောကြားခဲ့ကြောင်းဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်ထဲ မှာ ဓာတ်ပုံသတင်းရိုက်ကူးနေချိန်ဖမ်းဆီးခံရတာဖြစ်ပြီး အိန္ဒိယ ရဲတပ်ဖွဲ့က မြန်မာဘက်က တရားမဝင်နယ်စပ်ဖြတ်ကျော်လာတယ်ဆိုတဲ့ သံသယ နဲ့ဖမ်းဆီးစစ်ဆေးနေတာလို့ Belga ကဆိုပါတယ်။

ကယ်လ်မန့်ကို စစ်ဆေးနေချိန် အမှတ်တရအဖြစ် သိမ်းဆည်းထားတဲ့ ကျည်ဆံအလွတ်တစ်ခုကိုလည်း လက်ဝယ်တွေ့ရှိခဲ့တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့ကပြောဆိုထားကြောင်း Belga က ဖော်ပြပါတယ်။

ကယ်လ်မန့်ကို အိန္ဒိယ ရဲတပ်ဖွဲ့က တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ၊ ကျည်ဆံအလွတ်တစ်ခု လက်ဝယ်တွေ့ရှိမှုတွေ နဲ့ တရားစွဲထားတယ်လို့သိရှိရပါတယ်။

ကယ်လ်မန့် ကို ရက်ဘယ်ကြာအောင် ဆက်လက်ချုပ်နှောင်ထားမယ်ဆိုတာ မသိရှိရဘဲ အဖမ်းခံရတဲ့ ကိစ္စ နဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီးဌာနက နယူးဒေလီရှိ သံရုံးကို အနီးကပ်ဆက်သွယ်နေတယ်လို့ Belga က ဖော်ပြပါတယ်။

ကိုးကား – Belga

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times