ထိုင်းတောင်ပိုင်း နရသီဝပ် နဲ့ ပတ္တနီ မှာ ဗုံးခွဲတိုက်ခိုက်ခံရလို့ ငါးဦးသေဆုံး

ထိုင်းတောင်ပိုင်း နရသီဝပ် နဲ့ ပတ္တနီ မှာ ဗုံးခွဲတိုက်ခိုက်ခံရလို့ ငါးဦးသေဆုံး

ဓာတ်ပုံ - The Reporters

ထိုင်းတောင်ပိုင်း မလေးရှားနိုင်ငံနယ်စပ်က နရသီဝပ်နဲ့ ပတ္တနီ မှာ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ငါးဦးသေဆုံးခဲ့ပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Thai PBS သတင်းမှာဖော်ပြပါတယ်။

သောကြာနေ့ညက နာရသီဝပ် ခရိုင် Su-ngai Kolok ခရိုင်ရုံးကို လက်နက်ကိုင်အဖွဲ့ တစ်ဒါဇင်ခန့်က လက်ပစ်ဗုံးတွေ သေနတ်တွေ နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခံရမှုကြောင့် အရပ်ဘက် ကာကွယ်ရေး စေတနာ့ဝန်ထမ်း နှစ်ဦးနဲ့ အရပ်သား သုံးဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရှိတယ်လို့ သိရှိရပါတယ်။

နရသီဝပ်ခရိုင် တာဝန်ရှိသူတွေကတော့ လက်နက်ကိုင် တစ်ဒါဇင်ဟာ ကားနှစ်စီးနဲ့ရောက်လာပြီး သေနတ်တွေ နဲ့အရင်ဆုံးပစ်ခတ်ခဲ့ကာ အရပ်ဘက်ကာကွယ်ရေး စေတနာ့ဝန်ထမ်းတွေ ရှိတဲ့ ရုံးခန်းထဲ ဗုံးပစ်သွင်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ်ပေါက်ကွဲမှုတစ်ခုလည်းထပ်မံ ဖြစ်ပွားခဲ့ပြီး ပတ္တနီခရိုင် စိုင်ဘူရီ မှာ စနေနေ့ ညပိုင်းက ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပြီး ကားလမ်းပေါ်က ဓာတ်မီးတိုင်တွေကို လက်နက်ကိုင်တွေ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် ထိုင်း စစ်တပ်က ၃ ဦးဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။

နရသီဝပ် နဲ့ ပတ္တနီ ခရိုင်တွေ အတွင်း မှာ အခုရက်ပိုင်းပေါက်ကွဲမှု သုံးကြိမ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကကြေညာခဲ့ပြီး ဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့ ကလုပ်ဆောင်တယ်ဆိုတာတော့ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ထိုင်းသတင်းတွေကဆိုပါတယ်။

ကိုးကား – Thai PBS

Connect Burma

The Tanintharyi Times