အချစ်စစ်ဘုရား ပုစ္ဆာ

အချစ်စစ်ဘုရား ပုစ္ဆာ

တော်လှန်ရေးသမားတွေ ကျရှုံးရင်
ဘယ်‌နေရာမှာ ခိုနားကြရသလဲ
အောင်ပွဲကို ငုံ့ကြည့်တာမျိုး၊ မော်ကြည့်တာမျိုး အတွက်ပေါ့‌။
 
အာဏာရှင်တွေ သေပြီးရင်ရော
ပျံဝဲဖို့ နေရာရကြသေးလား
အာဏာကို လုစားတာမျိုး၊ အငတ်ဖြေတာမျိုးအတွက်ပေါ့။
 
အချစ်ပွဲအောင်ပြီး စစ်ပွဲကျသွားတဲ့
တော်လှန်သမားလေးတွေနဲ့ တော်လှန်သမလေးတွေကို လွမ်းမိပါတယ်
အချစ်နဲ့ စစ်မှာ အချစ်စစ်တွေက တဖြုတ်ဖြုတ် ။
 
ဘုရားသခင်တွေများ အလုပ်များကြပုံ
စစ်ကို မကြည့်အား အချစ်ကို မကြည့်အား
တစ်ပါးနဲ့ တစ်ပါး
စစ်များ ဖြစ်နေကြသလား
အချစ်များ ဝေမျှနေကြသလား။ ။

ဘရိုင်ယံရိန်း

The Tanintharyi Times