စစ်အုပ်ချုပ်ရေးကြေညာလို့ အဖမ်းခံရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ခ်ယိုး ပြန်လွတ်လာ
စစ်အုပ်ချုပ်ရေးကြေညာလို့ အဖမ်းခံရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ခ်ယိုး ပြန်လွတ်လာ

စစ်အုပ်ချုပ်ရေးကြေညာလို့ ဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုးဟာ မတ်လ ၈ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ နိုင်ငံတကာ သတင်းတွေကဖော်ပြထားပါတယ်။
သမ္မတယွန်းဆွတ်ခ်ယိုး ကို ဇန်နဝါရီ ၁၅ ရက်နေ့ကကတည်းကဖမ်းဆီးခံထားတာဖြစ်ပါတယ်။
ဆိုးလ်မြို့ဗဟိုခရိုင်တရားရုံးကတော့ ယွန်းရဲ့ ဖမ်းဝရမ်းကို မတ် ၇ ရက်နေ့မှာပြန်လည် ရုပ်သိမ်းခဲ့တာကြောင့် လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
တရားရုံးဆုံးဖြတ်ချက်ကို အစိုးရ အရှေ့နေတွေက မယူခံပြန်ဝင်ဖို့ မရှိဘူးလို့ ပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုခဲ့တာကြောင့် ယွန်း ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာပါ။
အဲ့ဒီစွပ်စွဲချက်ကို သမ္မတယွန်းဆွတ်ခ်ယိုးရဲ့ ရှေ့နေတွေ အသနားခံစာတင်သွင်းခဲ့ကြပါတယ်။
ယွန်း ကိုသမ္မတ ရာထူးကနေထုတ်ပယ်ဖို့ရှိမရှိ ကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက လာမဲ့ရက်ပိုင်းအတွင်း ဆုံးဖြတ်ဖို့ရှိနေတယ်လို့ လည်းသတင်းထွက်နေပါတယ်။
ယွန်းကို သမ္မတရာထူးကထုတ်ပယ်ဖို့ ဆုံးဖြတ်ပါက ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပရမှာဖြစ်ပါတယ်။
ကိုးကား – အယ်ဂျာဇီးယား
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times