ရေတပ်ကဖမ်းဆီးထားတဲ့ ကံပေါက်ဒေသခံတွေထဲက ၄ ဦးပြန်လွတ်မြောက်လာ

ရေတပ်ကဖမ်းဆီးထားတဲ့ ကံပေါက်ဒေသခံတွေထဲက ၄ ဦးပြန်လွတ်မြောက်လာ

ဓာတ်ပုံ - ပုံဟောင်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့မောရဝတီရေတပ်က ဖမ်းဆီးထားတဲ့ ရေဖြူမြို့နယ်က ကံပေါက်ဒေသခံ ၄ ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက် ညသန်းခေါင်အချိန်လောက်မှာ ပြန်လွှတ်ပေးခဲ့သူတွေကို သူတို့နေအိမ်တွေဆီ ကားနဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာလို့သိရပါတယ်။

ပြန်လွတ်​မြောက်လာသူတွေကတော့ ကိုမင်းမင်း၊ မလယ်တီဖွာ၊ မမူယာစိုးနဲ့ ဒေါ်မိဆန်းတင့်ကို့ဖြစ်ပါတယ်။

“စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးလိုက်တာလို့ကြားပါတယ်။ ရိုက်နှက်နှိပ်စက်ခံထားရတာမျိုးတော့မရှိပါဘူး” လို့​ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလ ၄ ရက်နေ့ညသန်းခေါင်ကျော်က ဖမ်းဆီးခံခဲ့ရတဲ့ မမီးသက်၊ မအသေးလေးနဲ့ မနက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ကိုသက်ဦးတို့ ၃ ဦးကတော့ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်ကစပြီး လက်ရှိအချိန်ထိ ဒေသခံစုစုပေါင်း ၂၀ ဝန်းကျင်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပါတယ်။

The Tanintharyi Times