တနင်္သာရီမြို့နယ် ကမ်းတိုရွာက နေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့

တနင်္သာရီမြို့နယ် ကမ်းတိုရွာက နေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့

တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာကနေအိမ်တွေကို စစ်ကောင်စီတပ်ကဒီနေ့မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က မီးစရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၇ လုံးထက်မနည်း လောင်ကျွမ်းပျက်စီးနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ရွာမှာက လူတွေမနေရကြတော့ဘူးလေ။ ရွာသားတွေက ဝေးဝေးကနေမြင်နေရတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကမ်းတိုရွာဟာ အိမ်ခြေ ၃၀ ဝန်းကျင်လောက်ပဲရှိတဲ့ရွာငယ်တစ်ရွာဖြစ်ပြီး ဘန်းလမွတ်ကျေးရွာအုပ်စုထဲမှာပါဝင်ပါတယ်။

ဒီနေ့မနက်ပိုင်းက ကမ်းတိုရွာအနီးမှာရှိတဲ့ ချောင်းညီကိုရွာနားမှာစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

The Tanintharyi Times