စစ်ကောင်စီရွေးကောက်ပွဲက ပြဿနာဖြေရှင်းနည်းမတုတ်ဘဲ ပဋိပက္ခကို ပိုမိုတိုးပွားလာစေမယ်လို့ သံအမတ် ဦးကျော်မိုးထွန်းပြောဆို
စစ်ကောင်စီရွေးကောက်ပွဲက ပြဿနာဖြေရှင်းနည်းမတုတ်ဘဲ ပဋိပက္ခကို ပိုမိုတိုးပွားလာစေမယ်လို့ သံအမတ် ဦးကျော်မိုးထွန်းပြောဆို
အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲဟာ ပြဿနာဖြေရှင်းနည်းမဟုတ်ဘဲ ပဋိပက္ခတွေကို ပိုမိုကြာမြင့်စေပြီး တိုက်ခိုက်မှုတွေသာ တိုးပွားစေမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက ပြောဆိုသွားပါတယ်။
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်အဝေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးနဲ့ စပ်လျဉ်းတဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလ သံအမတ်က အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေတဲ့ မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ် မျှတပြီး အားလုံး ပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်မှာမဟုတ်ဘဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်သလို ပဋိပက္ခများကို ပိုမိုကြာမြင့်စေပြီး တိုက်ခိုက်မှုတွေကိုသာ တိုးပွားစေမယ်လို့ သူက သတိပေးပြောဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ရပ်တည်ချက်က ခိုင်မာနေပြီး မိမိတို့အနေနဲ့ စစ်တပ်က ပြင်ဆင်နေတဲ့အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ သူကဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကို ကန့်ကွက်ကြဖို့လည်း သူက တောင်းဆိုသွားပါတယ်။
ဒါ့အပြင် တခြားနိုင်ငံတွေအနေနဲ့ သူတို့နိုင်ငံရဲ့ လူမှုရေးအကာအကွယ်ပေးရေး (Social Protection) ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်တွေကို တင်ပြတောင်းဆိုနေချိန်မှာ မြန်မာနိုင်ငံအနေနဲ့က ပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ရန်စွယ်ကနေ အကာအကွယ်ပေးရေးအတွက် ကူညီပေးဖို့ကို ကျယ်ကျယ်လောင်လောင် တောင်းဆိုနေရတယ်လို့လည်း ကုလသံအမတ် ဦးကျော်မိုးထွန်းက ပြောဆိုသွားပါတယ်။
Connect Burma
The Tanintharyi Times