မြတ်စွာဘုရား ဗျာဒိတ်ပေးထားတဲ့ မဟာမိတ်လို့ ပူတင်ကို မင်းအောင်လှိုင်ပြော

မြတ်စွာဘုရား ဗျာဒိတ်ပေးထားတဲ့ မဟာမိတ်လို့ ပူတင်ကို မင်းအောင်လှိုင်ပြော

စစ်ရာဇဝတ်မှုကြောင့် နိုင်ငံတကာ တရားရုံးတွေမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ ရုရှား သမ္မတ ပူတင်တို့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆံမှုမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် က ရုရှားသမ္မတ နဲ့ သူဟာ မြတ်စွာဘုရား ဗျာဒိတ်ပေးထားတဲ့ မဟာမိတ်တွေဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပူတင်ကိုလည်း ရုရှားမင်းတစ်ပါးပြောဆိုခဲ့သလို သူ့ကိုယ်သူလည်း မြန်မာ ဘုရင်တစ်ယောက်လို့ သုံးနှုန်း ခဲ့တာဖြစ်ပါတယ်။

မင်းအောင်လှိုင် ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်ထုတ်ဝေထားပြီး သမိုင်းအထောက်အထား အချက်အလက်တွေ မှားယွင်းနေတဲ့ မဟာဘိ သက္က ပဏ္ဍိတဘွဲ့ခံ၊ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ကိုကားပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစာအုပ်ထဲ မြတ်စွာဘုရားက “ငါဘုရားသာသနာတော် အနှစ် ၂၀၀၀ ကျော်သောအခါ ပါပမင်းတို့လက်ထက် သိုးဆောင်း ၁၂ မျိုးတို့တွင် ရုရှားလူမျိုးဖြစ်လတ္တံ့။ ထိုရုရှားလူမျိုးမင်းသည် လက်နက်စကြာအမျိုးမျိုးကိုတတ်မြောက်၍ လက်နက် စကြာရှင်ဖြစ်လတ္တံ့။ ထိုလက်နက်ရှင်ဖြစ်သော ရုရှားမင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင်တို့နှင့် ချစ်ကြည်သော မဟာမိတ်ဖြစ်လတ္တံ့ဟူ၍ ဗျာဒိတ်စကား မြွတ်ကြားတော်မူခဲ့ကြောင်း”ထည့်သွင်းရေးသားထားကို မင်းအောင်လှိုင်က ကိုးကားပြောဆိုခဲ့တာဖြစ်ပါတယ်။

“မြတ်စွာဘုရားရှင်ရဲ့ ဗျာဒိတ်က ထူးထူးခြားခြား တိုက်ဆိုင်နေတာ အံ့ဩဖွယ် မှန်ကန်နေတယ်။ ကျနော့်ကို ကျနော့်ဆီက ရှေးလူကြီးတစ်ဦးပြလို့ အဲဒါလေးပြလို့ ကျနော်သိတာဖြစ်ပါတယ်။” မင်းအောင်လှိုင် က ပူတင်ကို ပြေဆိုခဲ့ပါတယ်။

အဲ့ဒီစာအုပ်မိတ္တူကိုလည်း မင်းအောင်လှိုင်က ပူတင် လက်ထဲကိုဝမ်းသာအားရ ပေးအပ်နေတာလည်း ကရင်မလင်နန်းတော် က သတင်းဓာတ်ပုံတွေထဲမှာတွေံရပါတယ်။

မင်းအောင်လှိုင် က ရုရှားသမ္မတ ပူတင်ကို အဲ့ဒီစာအုပ်ထဲက အကိုးအကားတွေ နဲ့ ပူတင်ဟာ ရှေးဘဝတွေထဲက ဗျာဒိတ်တော်လာ ကြွက်မင်းဖြစ်ခဲ့တယ်လို့ပြောဆိုခဲ့တာပါ။

အဲ့ဒီခရီးစဉ်မှာ မင်းအောင်လှိုင်ဟာ ရုရှားမြန်မာ ချစ်ကြည်ရေး ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံ ဆင်ပေါက်ကလေးခြောက်ကောင် ကိုပေးပို့ခဲ့ပါတယ်။

မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ မြန်မာစစ်ကောင်စီက ဆင်လိမ္မာ ခြောက်ကောင် လက်ဆောင်ပေးပို့ခဲ့တာပါ။ ဒီဆင်တွေကို ဂရိတ်မော်စကို ဆပ်ကပ်အဖွဲ့ဆီ ပေးပို့ခဲ့တာဖြစ်ကြောင်း ရုရှားသတင်းဌာန Sputnik မှာ ဇန်နဝါရီလက ဖော်ပြခဲ့ပါတယ်။

Connect Burma

The Tanintharyi Times