တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်း ပါဝင်ဖို့ ဖိတ်ခေါ်

တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်း ပါဝင်ဖို့ ဖိတ်ခေါ်

တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်ပြည်သူ‌လေးသောင်းနီးပါးအတွက် ဒေသတွင်းစစ်ဘေး‌ရှောင်ထောက်ပံ့ကူညီရေးအဖွဲ့တွေဦးဆောင်ပြုလုပ်နေတဲ့ “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်း မကြာခင် ပြီးဆုံးတော့မှာဖြစ်လို့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ကမ်ပိန်းကို အရင်လ (၁၂) ရက် ကနေ စတင်ခဲ့တာဖြစ်ပြီး အခုလ (၂၆) ရက်နေ့မှာ ပြီးဆုံးမှာပါ။

အချိန်တစ်လခွဲသာ သတ်မှတ်ထားတာမို့ စစ်ဘေးရှောင်ပြည်သူတွေအတွက် နွေးထွေးတဲ့ ထမင်းဝိုင်းတွေကို အချိန်မီ ဖန်တီးပေးလိုက်ကြဖို့ ကမ်ပိန်းစီစဉ်သူတွေက နှိုးဆော်ထားပါတယ်။

တနင်္သာရီ​ဒေသအတွင်းက စစ်ဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာအချို့ဟာ ဆန်တင်သွင်းခွင့်လုံးဝမရရှိသလို အချို့ကျေးရွာတွေမှာတော့ မိသားစုတစ်စုကို (၃)ပြည် (၅)ပြည် အစသဖြင့် မလောက်မငှတဲ့ ကန့်သတ်ချက်တွေနဲ့သာ သယ်ယူခွင့်ရရှိနေတာပါ။

ဒါကြောင့် မိုးများတဲ့ တနင်္သာရီဒေသက လွတ်လွတ်လပ်လပ်နဲ့ ဆန်ဝယ်ခွင့်နဲ့ ဆန်သယ်ခွင့် မရတဲ့ အတွက် အခုလိုမိုးရာသီမှာ ယခင်ကာလတွေထက် ပိုမိုခက်ခဲကျပ်တည်းတယ်လို့ ဆိုပါတယ်။

ရာသီဥတုဆိုးရွားပြီး သယ်ယူပို့​ဆောင်ဖို့ ခက်ခဲတဲ့အခြေအနေမှာ နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ရိက္ခာမပြတ်လပ်စေဖို့အတွက် “ဝသန်ဦးအတွက် ဆန်စုဗူး” ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့

ဆန်တစ်​ဗူးကို

☉ ၅၀၀ကျပ်

☉ 6 THB (ထိုင်းငွေ)

ဆန်တစ်ပြည်ကို

☉ ၃၇၅၀ ကျပ်

☉ 45 THB

( ၁၂) ပြည် ဆန်တစ်အိတ်ကို

☉ ၄၅၀၀၀ ကျပ်

☉ 530 THB

(၂၄)ပြည် ဆန်တစ်အိတ်ကို

☉ ၉၀၀၀၀ ကျပ်

☉ 1060 THB

နှုန်းတွေနဲ့ လှူဒါန်းပေးနိုင်ပါတယ်။

ကမ်ပိန်းမှာ ပါဝင်ပြီး စစ်ဘေးရှောင်တွေအတွက် ဆန်ဝိုင်းဝန်းစု ပေးလိုပါက ဝသန်ဦးအတွက် ဆန်စုဗူး Facebook စာမျက်နှာရဲ့ Message box ဖြစ်တဲ့ m.me/RiceCollecting4IDP/ ကို ဆက်သွယ်နိုင်ပါတယ်။

အဆိုပါကမ်ပိန်းကို တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်ကိစ္စတွေကို အဘက်ဘက်က ကူညီပံ့ပိုးပေးနေတဲ့ ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့၊ ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ၊ နွေဦးမေတ္တာ-စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့(တနင်္သာရီမြို့နယ်)၊ တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်၊ တနင်္သာရီအခြေစိုက်ကျောင်းသားသမဂ္ဂများကွန်ရက်တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ကမ်ပိန်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

The Tanintharyi Times