ထားဝယ်မှာ စက်သုံးဆီစျေး နှစ်လအတွင်း တစ်လီတာ ကျပ် ၄၀၀ ခန့် အထိ မြင့်တက်

ထားဝယ်မှာ စက်သုံးဆီစျေး နှစ်လအတွင်း တစ်လီတာ ကျပ် ၄၀၀ ခန့် အထိ မြင့်တက်

ထားဝယ်မြို့မှာ စက်သုံးဆီစျေးဟာ ၂လအတွင်းမှာ ကျပ် ၄၀၀ လောက်အထိ မြင့်တက်လာကို မြင်တွေ့နေရပါတယ်။

ဧပြီလလယ်က ဓာတ်ဆီ 92တစ်လီတာကို ၁၉၀၀ ကျပ်ဝန်းကျင်၊ 95 တစ်လီတာကို ၂၀၀၀ ကျပ်ဝန်းကျင်နဲ့ ဒီဇယ်ဆီတစ်လီတာကို ၂၁၈၀ ကျပ်ဈေးနဲ့ စက်သုံးဆီဆိုင်တွေက ရောင်းချနေခဲ့တာပါ။

ဒီနေ့မှာတော့ ဆိုင်တွေရဲ့ ရောင်းချဈေးဟာ ဓာတ်ဆီ 92 တစ်လီတာကို ၂၂၆၅ကျပ်နဲ့ 95 တစ်လီတာ ၂၃၄၅ ကျပ်အထိ စျေးရှိနေပြီး ဒီဇယ်တစ်လီတာဈေးဟာ ၂၅၆၅ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၅၉၅ကျပ်အထိ ရှိနေပါတယ်။

အလတ်စားဆီဆိုင်ရှင်တစ်ဦးကတော့ “ဆီစျေးကလုံးဝမငြိမ်ဘူး။ တစ်ရက်ကျတစ်ရက် တက်ပဲ။ သူတို့(စစ်ကောင်စီ) သတ်မှတ်ချက်အတိုင်း ရောင်းရတာဆိုတော့ စျေးတက်နေ့ဝယ်ထားမိရင် နောက်နေ့သေတာပဲ။ မနည်းလိုက်ချိန်ပြီးရောင်းနေရတယ် ” လို့ ပြောပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီစျေးတွေကို မေလဒုတိယပတ်လောက်ကစပြီး စစ်ကောင်စီရဲ့ဆီကော်မတီက နေ့စဥ်စျေးနှုန်းကို သတ်မှတ်ပေးခဲ့ပြီး သတ်မှတ်စျေးတိုင်းမရောင်းရင် ဆီဆိုင်တွေကိုချိတ်ပိတ်တဲ့အထိ အရေးယူမယ်လို့လည်း ပြောဆိုထားပါတယ်။

The Tanintharyi Times