မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ဦးဝန်းကျင် သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၄၀ ဦးလောက် သေဆုံးခဲ့တယ်လို့ အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
အဲဒီတိုုက်ပွဲမှာ စစ်ကောင်စီရဲ့ ခမရ (၄၀၅) က ဒုတပ်ရင်းမှူး ဗိုလ်မှူး ခန့်နိုင်၊ ဗိုလ်ကြီး ဇော်မင်း၊ ဒုတက လှမျိုးနိုင်၊ တပ်ကြပ် ကိုသက်၊ ဒုတပ်ကြပ် ကျော်ကျော်၊ တပ်ကြပ် သန်းမိုး၊ ခွဲတပ်ကြပ်ကြီးး လှဌေး၊ တပ်ကြပ်ကြီး ကျော်ခိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့တယ်လို့ အမှတ် ၂၇ စစ်ဗျူဟာက ထုတ်ပြန်ထားတာပါ။

စစ်အာဏာသိမ်းမှုလေးနှစ်ပြည့်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မဲပလီဗျူဟာစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစခန်းကို အချိန်တစ်လအတွင်း သိမ်းပိုက်နိုင်ခ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၂ မမ တာဝေးပစ် ဟောင်ဝစ်ဇာ လက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိတယ်လို့ မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့တဲ့အပြင် စကခ (၈) က စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီး သော်တာ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မဲပလီဗျူဟာမှူး ဗျူဟာ (၂) ၊ စကခ (၈) က ဒုဗိုလ်မှူးကြီး တင့်လွင်ဦး၊ ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်ကတော့ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး လတ်တလောမှာ ထွက်ပြေးသွားတဲ့ မဲပလီဗျူဟာမှူးနဲ့ အဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံချေမှုန်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ထွက်ပြေးလွတ်မြောက်နေဆဲ ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ မဲပလီရွာ ဒေသခံ အမျိုးသမီး တစ်ဦး အပါအဝင် ပြည်သူ ၈ ဦးကို အကြောင်းမဲ့ အပြင်းအထန် ရိုက်နှက်ပြီး မဲပလီဗျူဟာထဲရှိ ဓမ္မာရုံကို ခေါ်သွားကာ ဆေးမကုပေးဘဲ ပစ်ထားခဲ့တဲ့ ဖြစ်စဉ် ကျူးလွန်ခဲ့သူဖြစ်တယ်လို့ အခုထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးနဲ့အတူ ဗိုလ်ကြီး ကမ်းဒိုးဟောက်၊ ဒုတပ်ကြပ် နေမျိုး၊ တပ်သား သန်းစိုးအောင်တို့က အရက်သောက် မူးယစ်ရမ်းကားပြီး ကျူးလွန်ခဲ့တဲ့ အဲဖြစ်စဉ်မှာ ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးရဲ့ ရိုက်နှက်မှုကြောင့် မဲပလီရွာသား ဦးစိန်ဝင်း ဆိုသူဟာ အောက်တိုဘာ ၁၂ ရက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကျန်ရွာသား ၇ ဦးထဲက ဒဏ်ရာပြင်းထန်သူ ၃ ဦးကို အောက်တိုဘာ ၁၅ ရက်မှာတော့ သထုံဆေးရုံကို ပို့ပေးဖို့ မဲပလီရွာက အမျိုးသမီး နှစ်ဦးကို ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးက ခြိမ်းခြောက်စေခိုင်းခဲ့တယ်လို့ အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မဲပလီဗျူဟာစခန်းကုန်း စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ၊ Force For Federal Democracy FFD ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၇) စစ်ဗျူဟာ တပ်ရင်းတွေဖြစ်တဲ့ သူရိယစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်မှာ KNLA တပ်ဖွဲ့ဝင် တစ်ဦးနဲ့ Force For Federal Democracy စစ်ရေးဌာန၊ ဒု တပ်ခွဲမှူး ရဲဘော် မြင့်မိုရ် (ခေါ်) နတ်မောက်တို့ ကျဆုံးခဲ့တယ်လို့ FFD ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times