ဖက်ဒရယ်ဝန်ထမ်းသမဂ္ဂ ရဲ့ ဘဏ္ဍာငွေစီးဆင်းမှုစနစ်ကို အီလွန်မက်ဌာနဝင်ရောက်သုံးစွဲခွင့်မရရေး တရားစွဲဆို

ဖက်ဒရယ်ဝန်ထမ်းသမဂ္ဂ ရဲ့ ဘဏ္ဍာငွေစီးဆင်းမှုစနစ်ကို အီလွန်မက်ဌာနဝင်ရောက်သုံးစွဲခွင့်မရရေး တရားစွဲဆို

အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရဝန်ထမ်းသမဂ္ဂတွေရဲ့ ဘဏ္ဍာငွေစီးဆင်းမှု စနစ်အားဘီလျံနာ အီလွန်မက် ဦးဆောင်တဲ့ DOGE ဌာနကို ဝင်ရောက်အသုံးပြုခွင့်မပေးဖို့ ဝါရှင်တန် က ဖက်ဒရယ်တရားရုံးမှာ ဦးတိုက်လျောက်ထားခဲ့ပါတယ်။

အီလွန်မက် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ထိရောက်စွာတာဝန်ထမ်းဆောင်နိုင်ရေး အကြံပေးဌာန – Department of Government Efficiency (DOGE) ဟာ ဖက်ဒရယ်ဝန်ထမ်းသမဂ္ဂ နဲ့ အစိုးရအဖွဲ့ ကြားက ငွေပေးငွေယူ ကိစ္စရပ်တွေကို စစ်ဆေးမယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် အခုလို တရားစွဲ ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ကိစ္စ နဲ့ပတ်သက်ပြီး ဒီမိုကရက် လွှတ်တော်အမတ်တွေကလည်း အီလွန်မက် ဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို အတင်းအဓမ္မသိမ်းပိုက်ဖို့ ကြိုးပမ်းနေပြီလို့ ဝေဖန်ထားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘစ်စင် ကလည်း ဖက်ဒရယ်ဝန်ထမ်းသမဂ္ဂ နဲ့ အစိုးရအဖွဲ့ ကြားမှာ ရှိတဲ့ ဘဏ္ဍာငွေစီးဆင်းမှု စနစ်ကို DOGE က က ဝင်ရောက်စစ်ဆေးဖို့ခွင့်ပြု သဘောတူပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အငြိမ်းစားအမေရိကန် မဟာမိတ်အဖွဲ့၊ ဖက်ဒရယ် အစိုးရဝန်ထမ်းများ သမဂ္ဂ နဲ့ ဝန်ဆောင်မှုဆိုင်ရာဝန်ထမ်းများ အပြည်ပြည်ဆိုင်ရာ သမဂ္ဂ တို့ တရားရုံးမှာလျောက်ထားခဲ့တာဖြစ်ပါတယ်။

ဖက်ဒရယ် အစိုးရ နဲ့ ဝန်ထမ်းသမဂ္ဂ တွေကြား က ဘဏ္ဍာငွေစီးဆင်းမှုတွေ ခုလို ဌာန တစ်ခုကဝင်ရောက် အသုံးပြုခွင့်ရပေးတာဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါင်းများစွာကို ပေးအပ်လိုက်တာ ဖြစ်တဲ့ အပြင် ပုဂ္ဂလိက လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့ လည်းအဆိုပါ အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။

“ဝန်ထမ်း တစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ထိပါးတာဖြစ်ပါတယ် ၊ဒါဟာ အန္တရာယ်ကြီးတဲ့ ကိစ္စရပ်ပါ” လို့ ဝါရှင်တန် ဖက်ဒရယ်တရားရုံးမှာ ဦးတိုက်လျောက်စဉ် ဖက်ဒရယ်အစိုးရဝန်ထမ်းများသမဂ္ဂ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါဟာ ထရမ့်အစိုးရ အဖွဲ့က ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အချက်လက်လုံခြုံမှု ဥပဒေ ကို ချိုးဖောက်ကာ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ လည်း တရားစွဲထားတဲ့ သမဂ္ဂတွေကပြောပါတယ်။

တရားစွဲခံရတဲ့ ကိစ္စ နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ ဘက်ကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဒီမိုကရက် လွှတ်တော်အမတ်တွေ ဘက်ကတော့ အီလွန်မက်ရဲ့ ဌာနဟာ ဖက်ဒရယ် အစိုးရ အဖွဲ့ကို သိမ်းပိုက်ဖို့ လုပ်နေတယ်လို့ ဝေဖန်နေကြပါတယ်။

အထက်လွှတ်တော် က လူနည်းစု ခေါင်းဆောင် Chuck Schumer ကတော့ “ အီလွန်မက် ရဲ့ DOGE ဌာန ဟာ မှောင်ခိုအဖွဲ့ပါ” လို့ဝေဖန်ပါတယ်။

ထရမ့် ဘက်ကတော့ အီလွန်မက် ဟာ သူ့သဘောတူညီချက်မရဘဲလုပ်ဆောင်နေတာမရှိဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ကိုးကား – The New York Times

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times