ပုလောမှာ စစ်ကောင်စီတပ်သားတစ်ဦးကို PDF တွေဖမ်းဆီး
ပုလောမှာ စစ်ကောင်စီတပ်သားတစ်ဦးကို PDF တွေဖမ်းဆီး
ခရီးသည်တင်မှန်လုံယာဥ်ပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား တစ်ဦးကို မြိတ်ခရိုင်၊ ပုလောမြို့နယ် သင်္ကန်းတောရွာအနီးမှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
အခုလ ၂ရက်နေ့က ညနေ ၄ နာရီခွဲလောက်မှာ မြိတ် – ထားဝယ်ကားလမ်းပေါ်ကကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးနေချိန် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူဟာ တနင်္သာရီမြို့နယ်၊ ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်က အသက် ၁၉နှစ်အရွယ် တပ်သား အောင်အောင်ဖြစ်တယ်လို့ PRDF က ထုတ်ပြန်ထားပါတယ်။
စစ်ဆေးချိန်မှာတော့ သူနဲ့အတူ ဖုန်း တစ်လုံးနဲ့ ပိုက်ဆံ နှစ်သောင်းကျပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
သူ့ကိုလည်း PRDF အဖွဲ့ကပဲ ဆက်လက်ထိန်းသိမ်းထားတယ်လို့သိရပါတယ်။
မနှစ်က ဒီဇင်ဘာ ၂၄ ရက်မှာလည်း ခရီးသည်ကားပေါ်လိုက်ပါလာတဲ့ ကော့သောင်းအကျဥ်းထောင် ဦးစီးမှူးကို PRDF နဲ့ မဟာမိတ်တပ်တပ်ပေါင်းစုက ဖမ်းဆီးခဲ့ပါသေးတယ်။
The Tanintharyi Times
