မောတောင်မြို့မှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး သတ်ခံရ

မောတောင်မြို့မှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး သတ်ခံရ

U-Aung-Lwin
ဓာတ်ပုံ - အသတ်ခံခဲ့ရသူ ဦးအောင်လွင်

နယ်စပ်မြို့ဖြစ်တဲ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က မောတောင်မြို့မှာ စစ်ကောင်စီ သတင်းပေးဆိုသူတစ်ဦး မနေ့က အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။

အသတ်ခံခဲ့ရသူဟာ မောတောင်မြို့၊ အမှတ် ၆ ရပ်ကွက်မှာ နေထိုင်သူ ဦးအောင်လွင်ဖြစ်ပြီး သူ့ကို ဇူလိုင်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်မှာ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-တနင်္သာရီမြို့နယ်က ထုတ်ပြန်ပါတယ်။

ဦးအောင်လွင်ဟာ စစ်ကောင်စီရဲ့ လုပ်ငန်းလည်ပတ်ရာမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီရဲ့ထောက်တိုင် လက်ပါးစေတွေကိုလည်း ဆက်လက်သုတ်သင်ရှင်းလင်းသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – တနင်္သာရီမြို့နယ်က သတိပေးထားပါတယ်။

The Tanintharyi Times