ဘန်ကောက်မြို့အနီး မူလတန်းကျောင်းကား မီးလောင်လို့ ကျောင်းသားအများအပြားသေဆုံး

ဘန်ကောက်မြို့အနီး မူလတန်းကျောင်းကား မီးလောင်လို့ ကျောင်းသားအများအပြားသေဆုံး

ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့ အနီး ဖာဟွန်ယိုသင်လမ်း က ဇေယျာရန်းဆစ် ရှော့ပင်းမောလ်အနီး မှာ ကျောင်းလေ့လာရေးကားတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာနဲ့ မီးလောင်ဒဏ်ရာတွေရရှိကာ အသက် ၆ နှစ်က နေ ၁၅ နှစ်အတွင်း ရှိကလေးငယ်အများအပြား သေဆုံးတဲ့အထိ ဖြစ်ခဲ့တယ်လို့ ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

အဆိုပါ‌ကျောင်းကားထဲမှာ ဥထိုင်းဌာနီ ခရိုင်၊ လန်ဆက် က ဝတ်ကျောက်ဖရား ဆန်ခရမ်စာသင်ကျောင်း ပညာရေးဆိုင်ရာလေ့လာရေးခရီးထွက်လာကြတဲ့ ကျောင်းသား ၃၈ ဦးနဲ့ ဆရာ ၆ ဦးတို့ ရှိနေခဲ့တယ်လို့ ထိုင်းမီးသတ်နဲ့ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ယာဉ်ထိန်းရဲ အသံလွှင့်ရုံက ကြေညာချက်မှာတော့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ပါဝင်ပါတယ်။

The Ruamkatanyu Foundation ကလည်း ကျောင်းသားကလေးငယ် အများအပြား မီးလောင်ဒဏ်ရာတွေရရှိကာ တချို့က သေဆုံးတဲ့အထိ အပြင်းအထန်ထိခိုက်သွားကြောင်းနဲ့ မီးလောင်ရခြင်း အကြောင်းအရင်းကို မသိရသေးကြောင်း ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် သေဆုံးခဲ့ကြတဲ့ မူလတန်းအရွယ် ကျောင်းသားကျောင်းသူ ၁၀ ဦးကျော်ရဲ့ အလောင်းတွေကို ကျောင်းကားနောက်တံခါးနားမှာ တွေ့ခဲ့ရပြီး လိုက်ပါစီးနင်းသူ ၄၄ ဦးမှာ ၁၉ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times