ဂျပန် က မြန်မာကိုသံအမတ်သစ်စေလွှတ်တော့မှာ မဟုတ်ဘူးလို့ဆို

ဂျပန် က မြန်မာကိုသံအမတ်သစ်စေလွှတ်တော့မှာ မဟုတ်ဘူးလို့ဆို

Photo - လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူတွေ့ရတဲ့ ဂျပန် သံအမတ်ကြီး အီချီရို မာရုယာမ

ဂျပန်အစိုးရ ဟာ တာဝန်ပြီးဆုံးလို့ ဂျပန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားတဲ့ သံအမတ်ကြီး အီချီရို မာရုယာမ နေရာမှာ သံတမန်နောက်တစ်ဦးကို ထပ်မံစေလွှတ်မှာ မဟုတ်ဘူးလို့ ဂျပန်သတင်းဌာန Japan Today ကဖော်ပြထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဂျပန်က မြန်မာ စစ်အာဏာရှင်အစိုးရ နဲ့ဆက်ဆံရေးကိုအပြောင်းအလဲပြုလုပ်လာတာ ဖြစ်ပါတယ်။

တိုကျိုအခြေစိုက် အစိုးရ ဟာ အာဏာသိမ်းပြီးကတည်းက စစ်တပ် တာဝန်ရှိသူတွေ နဲ့ သူတို့ နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ ပိတ်ဆို့အရေးယူတာမရှိသေးပဲ သံတမန်ထပ်မံမစေလွှတ်တဲ့နည်း အရေးယူဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ ဂျပန်သတင်းတွေ ကဆိုပါတယ်။

ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့ပါ။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်၊ ဥရောပနိုင်ငံအချို့ နဲ့ တောင်ကိုရီးယားတို့က မြန်မာနိုင်ငံ အပေါ် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခဲ့ပါတယ်။

ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမ ရဲ့တာဝန်တွေကိုတော့ လက်ရှိရန်ကုန်က ဂျပန်သံရုံးအကြီးအကဲ ရှိုဂို ယိုရှီတာကဲက သံတမန်ရေးတာဝန်တွေကို ဆက်လက်တာဝန်ယူသွားမယ်လို့ ဂျပန်သတင်းမှာ ဆိုထားပါတယ်။

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times