မော်လမြိုင်မှာ မီးလောင်မှုဖြစ်ပြီး အသက် ၈၀ အရွယ်လေဖြတ်နေသူနဲ့ ၄ နှစ်အရွယ်ကလေးငယ်သေဆုံး

မော်လမြိုင်မှာ မီးလောင်မှုဖြစ်ပြီး အသက် ၈၀ အရွယ်လေဖြတ်နေသူနဲ့ ၄ နှစ်အရွယ်ကလေးငယ်သေဆုံး

ရုပ်သံ - ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဘဲကုန်းစျေး အနောက်ဘက်မှာ မီးလောင်မှုဖြစ်ပွါးခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ် ၄ ဆောင်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုအတွင်း အသက် ၈၀ အရွယ်လေဖြတ်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးတို့လည်း သေဆုံးခဲ့ပါတယ်။

“လူသေဆုံးမှုဖြစ်သွားတာက ပျဥ်ထောင်အိမ်မို့ ရုတ်တရက် ထွက်မပြေးနိုင်လိုက်ဘူးထင်ပါတယ်။ အိမ်ပေါ်မှာပဲမီးလောင်ခံလိုက်ရတာပါ” လို့ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူကပြောပါတယ်။

မီးလောင်မှုဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ အသေးစိတ် မသိရသေးဘူးလို့ဆိုပါတယ်။

မီးလောင်မှုကြောင့်သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတော့ ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

The Tanintharyi Times